Monday, May 13, 2013

လှမ်းလာခဲ့ပါ အပန်းဖြေရာ

ချောင်းသာကမ်းခြေ သည် ပုသိမ်မြို့အနောက်ဘက် ကီလိုမီတာ ၄၀ (၂၅ မိုင်) အကွာတွင်တည်ရှိပြီး ရန်ကုန် မြို့မှကားဖြင့် (၅) နာရီခန့်မောင်းလျှင် ရောက်ရှိနိုင်ပါသည်။ ချောင်းသာကမ်းခြေမှာ စိတ်ဝင်စားဖွယ် ကျယ်ပြန့်သော ကမ်းခြေတစ်ခုဖြစ်၏။ ကျယ်ပြန့်သောသောင်ပြင်၏ နောက်ဘက်တွင် အုန်းပင်များသာမက ပင်လယ်ကဗွီးပင် များကို လည်းတွေ့နိုင်၏။ ကမ်းမှမျှော်ကြည့်လျှင် ကျွန်းငယ် နှစ်ကျွန်းကို လှမ်းမြင်နိုင်မည်ဖြစ်သည်။
    ချောင်းသာကမ်းခြေမှ ဂဏန်းအစားအစာမှာ အရသာရှိသလို လတ်ဆတ်သောအုန်းရည်မှာလည်း လူများကိုလန်း ဆန်းစေနိုင်ပါသည်။ ကမ်ေးခြတစ်လျှောက်တွင် ခေတ်မီလှပသော ဘန်ဂလိုများ ဟိုတယ်များ မိုတယ်များရှိသည်။ မြန်မာနိုင်ငံသည် မပျက်စီးသေးသည့် ကမ်းခြေဒေသများ ငြိမ်သက်နေသည့် ပင်လယ်ပြင်များ၊ သန့်ရှင်းပြီး ကျယ်ပြန့် သည့် သဲသောင်ကမ်းခြေများ စသည့် ကြွယ်ဝသည့် သဘာဝပတ်ဝန်းကျင်များကို ပိုင်ဆိုင်သည့်နိုင်ငံဖြစ် သည်။ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းတွင် ချောင်းသာကမ်းခြေအပန်းဖြေစခန်းမှာ ကျော်ကြားလူသိများလာသည်။ ချောင်းသာကမ်းခြေ မှာ ရန်ကုန်မြို့မှ ၁၅၄ မိုင်ခန့်ကွာဝေးပြီး နိုင်ငံခြားသားများအတွက် နေ့တစ်ဝက်ခန့်နှင့် အလွယ်တကူ ရောက်နိုင်သော အနီးဆုံးပင်လယ်ကမ်းခြေအပန်းဖြေ စခန်းတစ်ခုဖြစ်သည်။
    သစ်ပင်များနှင့်အုန်းလက် များကြားဖြတ်သန်း တိုက်ခတ်လာသော လေညှင်းသံ ကိုနားထောင် ရင်းမှေးစက် မှုမှာ လှိုင်းရိုက် ခတ်သံများကို လွှမ်းမိုးနိုင်ပါသည်။ သာယာသော လေညှင်းအလယ်မှာ ကြိမ်ကုလားထိုင် ဖြင့်ထိုင်ရင်း အ ပန်းဖြေကာ သင်၏ပူပင်သောကနှင့် စိတ်ဖိစီးမှုများကို လွင့်စင်ကွယ်ပျောက်စေနိုင် မည်ဖြစ်ပါသည်။
    ကမ်းခြေသောင်ပြင်မှာ ကစားမည်ဆိုပါက ကစားနိုင်ပြီး ပင်လယ်ရေထဲဆင်းကာ လှိုင်းလုံး ကြီးများစီး လည်းပျော် ရွှင်စွာကစားနိုင်ပါသေးသည်။ သို့မဟုတ်ပါက ရှည်လျားသည့်ကမ်းခြေ တစ်လျှောက်ရိုးရာ နွားလှည်းစီး၍လည်းအ ပမ်းဖြေနိုင်ပါသည်။
    ကမ်းခြေတစ်လျှောက် လမ်းလျှောက်ရင်း အနီးရှိကျေးရွာများသို့ သွားရောက်လည်ပတ်ကာ ဒေသအစားအစာများ ကို လေ့လာမှတ်သားနိုင်ပါသည်။ ၄င်းပြင် ခရုခွံများနှင့် တန်ဆာဆင်ထားသော တန်ဖိုးနည်း လက်ဝတ်ရတနာများ တောက်ပသည့်ခရု ကမာငယ်များ ပုလဲထွက်မုတ် ကောင်ခွံများ တန်ဆာဆင်ထားသည့် ကြီးမားသော ကျောက်ပုစွန် နှင့်ဂဏန်းခွံများ ကျောက်ဖြစ်ရုပ်ကြွင်း ပင်လယ်ကျောက်ခက်များနှင့် သန္တာကျောက်ခက်များကို အိမ်ပြန်အမှတ်တရ လက်ဆောင်အဖြစ် လက်ဆောင်အဖြစ်ဝယ်ယူနိုင်ပါသည်။
    ဟိုတယ်သို့အပြန်ခရီးတွင် အလွန်စိတ်ဝင် စားဖွယ်ကောင်း သည့်လှပပြီးတောက်ပသည့် ကောင်းကင်ကြီး နှင့်အတူ နီရဲသည့်နေလုံးကြီး၊ အပြာရောင် အိန္ဒိယသမုဒ္ဒရာထဲသို့ တဖြည်းဖြည်း ငုတ်လျှိုးဝင်ရောက်ပုံကို ကြည်နူးမှု များစွာဖြင့် တွေ့မြင်ခံစားရမည် ဖြစ်ပါသည်။
    ချောင်းသာမှာ ငွေဆောင် နှင့်နှိုင်းယှဉ်လျှင် ရွှံ့အနည်းငယ်ရော(ရှိ)သည့်ကမ်းခြေဖြစ်ပါသည်။ သို့ရာတွင် ပင်လယ် အစားအစာများမှာ ဈေးနှုန်းသင့်တင့်မျှတခြင်း၊ ဟိုတယ်များမှာအတန်းလိုက်ရှိပြီး အခန်းခများမှာ သင့်တင့်မျှတခြင်းတို့ မှာ ချောင်းသာကမ်းခြေ ၏အားသာချက်များ ဖြစ်ပါသည်။


No comments:

Post a Comment